Treatment, RO, Ozone, UF & UV System – 5000 LPH
Ks71,500,000
နေ့စဉ်ဝင်ငွေရရှိနိုင်သော အကောင်းဆုံးလုပ်ငန်းတစ်ခုအဖြစ် စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ဆောင်ရွက်ဖို့ရည်ရွယ်တယ်ဆိုရင်
လက်ရှိအချိန်ထိ နောက်ဆုံးပေါ် လုပ်ငန်းစဉ်များ၊ စက်ကိရိယာများ ပြည့်စုံအောင် ပေါင်းစပ်တပ်ဆင်ထားတဲ့ ဖော်ပြပါ ရေသန့်စနစ်မျိုးကို ရွေးချယ်
အသုံးပြုသင့်ပါတယ်။
ရေသန့်အထွက်နှုန်းအနေနဲ့ တစ်နာရီကို (5000)လီတာ ရရှိနိုင်မှာဖြစ်ပြီးတော့ ပါဝါမီတာနှင့် တပ်ဆင်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
စက်ကိရိယာပါဝင်မှုအနေဖြင့် –
ရေတွန်းမော်တာ၊ အနည်စစ်၊ သဲစစ်ဖစ်တာ၊ အနံ့အသက်စစ်ထုတ်ရန် Carbon ဖစ်တာ၊ ထုံးဓါတ်များ စစ်ထုတ်ရန် Resin ဖစ်တာ၊ အနည်အမှုန်များ
စစ်ထုတ်ရန်အတွက် 5 Micron ဖစ်တာ၊ RO စက် တွန်းပို့ရန် မော်တာ၊ တစ်နာရီ (5000)လီတာထွက်ရှိနိုင်သော RO သောက်ရေသန့်စက်၊
ပိုးမွှားများဖယ်ရှားဖို့ အဆင့်မြင့် အိုဇုန်းပိုးသတ်စနစ်၊ အိုဇုန်းဓါတ်ငွေ့နှင့် ရေများထိတွေ့ရန် မော်တာ၊ အိုဇုန်းရေတွန်းပို့ရန် မော်တာ၊ အနံ့အသက်
စစ်ထုတ်ပေးသောCarbon ဖစ်တာ၊ အနည်အမှုန်စစ်ထုတ်ပေးရန် 1 Micron ဖစ်တာ၊ သောက်ရေသန့်ဖြည့်သွင်းရန် ရေတွန်းမော်တာ၊ အနည်အမှုန်များ
ထပ်မံစစ်ထုတ်ရန် 1 Micron ဖစ်တာ၊ ရေ၏ကြည်လင်မှုပိုမိုရရှိရန် UF ဖစ်တာ၊ ပိုးမွှားဖယ်ရှားရန် UV System, ရေသန့်ဗူးအသေးများ ဖြည့်သွင်းရန်
စတီးရေဖြည့်ခေါင်း၊ ရေသန့်ဗူးများဆေးကြောရန် ရေမော်တာ၊ အနည်အမှုန်စစ်ထုတ်ရန် 5 Micron ဖစ်တာ၊ပိုးမွှားဖယ်ရှားရန် UV System, ရေသန့်ဗူး
အချောဆေးရန် ရေဗူးအတွင်းဆေးစက်နှင့် ရေသန့်ဗူးအကြမ်းဆေးရန် ရေဗူးအပြင်ဆေးစက်၊ စက်ခန်းတစ်ခုလုံး၏ မော်တာများချိတ်ဆက်ရန်
Main Control Panel၊ စက်ခန်းအဝင်မှ ရေသန့်ထွက်သည်အထိ လိုအပ်သော ပိုက်ဆက်ပစ္စည်းများ စသည်ဖြင့် ပုံတွင်ပြထားသည့်အတိုင်း
စာသားအပြာရောင်ဖြင့် ဖော်ပြထားသော စက်ကိရိယာအစိတ်အပိုင်းအားလုံးအား Apex Water ကုမ္ပဏီမှ အပြည့်အဝ တပ်ဆင်ပေးမည် ဖြစ်ပါသည်။
Apex Water Co.,Ltd. အနေဖြင့် စက်ပစ္စည်းအစိတ်အပိုင်းများအား တစ်နှစ် အာမခံပေးအပ်ပါမည်။
(အနည်စစ်ဖစ်တာ၊ မိုက်ခရွန်ဖစ်တာများနှင့် RO Membrane အာမခံမပေးပါ။)
နေပြည်တော်ပြင်ပတပ်ဆင်ခြင်းအတွက် ပစ္စည်းသယ်ယူစရိတ်နှင့် သွားလာနေထိုင်စရိတ် ပေးအပ်ရန် လိုအပ်ပါသည်။
Reviews
There are no reviews yet.